Computer တစ်လုံးဝယ်မယ်ဆိုရင်
ကွန်ပျုတာတလုံး ဝယ်မယ်ဆိုရင်
တတိယကတော့ Memory ပါ။ လူအတော်များများ ကွန်ပျုတာဝယ်မယ်ဆိုရင် memory ကဘယ်လောက်၊Hard Disk ကဘယ်လောက် ဆိုတာကို အရင်မေးပါတယ်။ မေးစရာ မလိုဘူးတော့မဟုတ်ပါဘူး ။ တကယ်တော့ ဒါတွေက လိုအပ်လျှင်အချိန်မရွှေး ပြန်ပြောင်းလို့ရပါတယ်။ ကျနော်ကြုံခဲ့တာလေးတခုပြောပြမယ်။ ကျနော် Laptop ဆိုင်တဆိုင်ဝင်ငမ်းနေတုန်း နိုင်ငံခြားသားတွေ ဝယ်နေတာနဲ့ကြုံတယ်။ ထုံးစံအတိုင်းကျနော်လည်းဝင်စပ်စုတာပေါ့။အဲဒီမှာရောင်းတဲ့လူက ဘယ်လိုရိုက်နေလဲဆိုတော့၊ မော်ဒယ်လ်က အတူတူပဲ။ memory 2GB နဲ့memory 4GB ကိုတသိန်းလောက်ခွာပြီးရိုက်နေပါတယ်။ လာဝယ်တဲ့သူတွေကလည်း 4GB ကိုသဘောကျပြီးဝယ်သွားပါတယ်။ အမှန်က memory 2GB ကိုထပ်ဝယ်စိုက်လိုက်ရင် ဝမ် 30000 လောက်ပဲကုန်မှာ။ memory များမှကောင်းတယ်ထင်ပြီး အရိုက်ခံရတာပါ။
မြန်အောင်ဆိုပြီး 8GB လောက်ထည့်လည်း 32bit window တွေက 3 GB ပဲ support လုပ်ပါတယ်။ ဒါကြောင့် Memory ကိုကြည့်မယ်ဆိုရင် speed ဘယ်လောက်လဲ၊storage ကဘယ်လောက်လဲ၊ဘာအမျိုးအစားလဲ၊DDR ၊ DDR 2 ၊ DDR 3 ၊ မိမိကဘာသုံးမလဲ စသည်ဖြင့်ကြည့်ရပါမယ်။ နောက်ပိုင်း DDR တွေကမလာသလောက်ဖြစ်နေပါပြီ။ DDR2 သုံးမယ်ဆိုလည်း motherboard က ခွင့်ပြုသည့်အမျိုးအစားပေါ်မူတည်ပြီး pc2 4200(533Mhz)ကနေ pc2 6400 (800Mhz) ၊ 2GB လောက်ဆို လုံလောက်နေပါပြီ။ မိမိရဲ့ motherboard အမျိုးအစားပေါ်လိုက်ပြီး DDR2 8500 တို့ DDR3 9300 တို့ထည့်ချင်လည်းရပါတယ်။ အဓိက ကမိမိအသုံးနဲ့ကိုက်ညီအောင်ရွှေးချယ်ရပါမယ်။မိမိသုံးမယ့် Software တွေက memory ဘယ်လောက်သုံးမယ်၊ OS ကဘယ်လောက်လိုအပ်တယ်၊ စသည်တို့ကိုချိန်ညှိပြီးဝယ်ရင် အကောင်းဆုံးပါပဲ။
နောက်တမျိုးကတော့ Graphic Card ။ Graphic Card ကတော့ Game တွေရေးမယ့်သူတွေ၊ ကစားမယ့်သူတွေ၊ photoshop သမားတွေ၊3D Software သုံးမယ့်သူတွေ အတွက်ကတော့မဖြစ်မနေလိုအပ်ပါတယ်။ တော်ရုံတန်ရုံကတော့ GDDR3(or)2 နဲ့ 128Mb လောက်ဆိုအဆင်ပြေပါတယ်။ Hard Disk ကိုဆက်ကြည့်ရအောင်။ Hard Disk ကတော့ဘယ်လောက် ပမာဏ၊အမြန်နူန်း ဆိုတာလောက်ကိုကြည့်ပြီး ရွှေးချယ်လို့ရပါတယ်။ 320 GB နဲ့ 7200 RPM ၊ 32 bit လောက်ဆိုအဆင်ပြေပါတယ်။ Laptop တွေကတော့ အများစုက 5400 RPM တွေပဲလာပါတယ်။
Power Supply ကတော့ 400W ဆိုလုံလောက်ပါတယ်။ Laptop တွေကတော့ Power Supply ရွှေးချယ်ရန်မလိုအပ်ပါဘူး။ ODD ကတော့ DVD RW ပေါ့။ Speed ကို 20X ၊ 22X ကြိုက်တာရွှေးချယ်လို့ရပါတယ်။ ခုနောက်ပိုင်း Blue Ray တွေအသုံးများလာတော့ Blue Ray Drive တွေလဲ တပ်ချင်ရင်လည်း တပ်ဆင်လို့ ရပါတယ်။ ဒါတွေက အကြမ်းဖျင်းတွေပါ။ အသေးစိတ်ကတော့ စိတ်ဝင်စားမယ့်သူရှိရင် ဆက်လက်ရေးသားပါ့မယ်။ Hardware ပိုင်းရေးရင် စိတ်ဝင်စားတဲ့သူတော်တော်လေးနည်းပါတယ်။ ဒါကြောင့် အတိုချုံးရေးတာပါ။ ဆက်ရန်မှာတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင်တင်ပြပေးပါမယ်။
ကိုကိုလွင် (မလမ)
No comments:
Post a Comment